I made this widget at MyFlashFetish.com.

About Me

i am a boy who like music. if no music i will be death. Music is my life

Wednesday, September 12, 2007

လောကမှာအကောင်းဆုံးသမားတော်ကို တွေ့ရှိခြင်း

လောကမှာအကောင်းဆုံးသမားတော်ကို တွေ့ရှိခြင်း
===========================
လောကမှာ ဆရာဝန်ပေါင်းမြောက်များစွာ ရှိကြလိမ့်မည်။ စရိုက်အမျိုးမျိုး၊

လူမျိုးအမျိုးမျိုး၊ ကျွမ်းကျင်မှုအမျိုးမျိုး ဆီရှိကြသည်။ သို့သော် စေတနာပါ၍ကုပေးသလို

ငွေမက်၍ကုပေးသော ဆရာဝန်တွေလည်းရှိကြသည်.....လောကမှာ ဆရာဝန်ကောင်း၊

သမားတော်ကောင်းတစ်ဦးကို ရှာဖွေကြည့်ပါ। မည်သူဖြစ်မည်နည်း ?ကျတော် ဟိုတစ်နေ့က

အသည်းအသန်ဖျားခဲ့သည်။ ကျတော့ကို ယုယုယယ စေတနာ ဖြင့်

အသေးစိတ်ကုသပေးသောပုဂ္ဂိုလ်တစ်ဦးကြောင့် ကျတော် အဖျားသက်သာခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ

အခြားမဟုတ်၊ ကျတော့၏ ကျေးဇူးရှင် ကျတော့အမေသာဖြစ်ပါသည်။ လောကရှိအမေအားလုံးသည်

မိမိ၏သားသမီးများကိုချစ်ကြသည်၊ ဂရုဏာထားကြသည်။ ကျတော်တို့ဖျားနာနေလျှင်

ဘယ်ဆေးသောက်သင့်သည်။ ဘယ်လိုမျိုးကုရမည်ကို သိသလောက် တတ်သလောက် ကုသပေးကြသည်။ သားသမီးဆီမှ

အခကြေးငွေကို ယူမည်ဟူသော ရည်ရွယ်ချက် ဘယ်သောအခါမှ မထားပေ။ စေတနာအရင်းခံကာ

ပြုစုတတ်ကြမြဲဖြစ်သည်။ ကျတော်တို့သည် ဤရှုတ်ထွေးနက်နဲသော လောကကြီး၌ရှင်သန်နေကြသောအခါ

အမေ၏မေတ္တာကိုမေ့မြောနေတတ်ကြပေမည်။ မိမိ၌ အခက်အခဲ ကြုံတွေ့မှသာ အမေကိုသတိရကြသည်။ အကယ်၍

ကျတော်သာ မဖျားခဲ့ဘူးဆိုလျှင် နှစ်ကာလာကြာစွာ ကျတော့အပေါ်ပြုစုခဲ့တဲ့ အမေကို လျစ်လျူရှုဆဲ

ဖြစ်နေဦးမည်ဖြစ်သည်။ ထို့အတူ ဤစာကိုဖတ်ပြီးသော စာဖတ်ပရိသတ်တိုင်းလည်း

မိမိအမေရဲ့မေတ္တာကို ပို၍တန်ဖိုးထားတတ်လာကြမည်ဟု ယုံကြည်မိပါသည်။ မိမိပတ်ဝန်းကျင်၌

ရှိသော အရာတိုင်းကို တန်ဖိုးထားနိုင်ကြပါစေလို့ဆုတောင်းလျက်-fighternk

MOTHER
အမေဆိုတာ သားသမီးတို့အတွက်

M=MANY THINGS
ကျန်းမာပညာ အရာများစွာ ဖြည်ဆည်းပေးသူ
O=OLD
အိုမင်းသည့်တိုင် ခိုင်ခိုင်မာမာ ချစ်ခင်လာသူ
T=TEARS
များစွာမျက်ရည် ဖြေမဆည်နိုင်အောင် ပေးဆပ်ရသူ
H=HEART
အနက်ရှိုင်းဆုံး နှလုံးသားမှချစ်ခင် ကြင်နာရသူ
E=EYES
ဂရုဏာ အကြင်နာ မျက်လုံးများဖြင့်သာ ကြည့်မြင်သူ
R=RIGHT
အမှန်တရားမှ မားမားမတ်မတ် ရပ်တည်သူ

2 comments:

Anonymous said...

လောကမျာရျိတဲံ အမေတိုင်းကို ဂါဝရညပုလျက်

Anonymous said...

If your mother know what you write,she will be very happy and very proud of you.