I made this widget at MyFlashFetish.com.

About Me

i am a boy who like music. if no music i will be death. Music is my life

Friday, September 14, 2007

ချစ်သူစာဘွဲ့


♥ရိုးရိုးလေးပဲ
♥ပဲမပေးဘူး
♥ထူးခြားအောင်လည်း
♥မပြင်ထားဘူး
♥တစ်နေ့မှာ ဖွင့်ပြောမယ်လို့
♥ရည်စူးထားသူ ......
♥သူမဟာ
♥ကျွန်တော့ရဲ့ချစ်ရသူ.....။

Wednesday, September 12, 2007

လောကမှာအကောင်းဆုံးသမားတော်ကို တွေ့ရှိခြင်း

လောကမှာအကောင်းဆုံးသမားတော်ကို တွေ့ရှိခြင်း
===========================
လောကမှာ ဆရာဝန်ပေါင်းမြောက်များစွာ ရှိကြလိမ့်မည်။ စရိုက်အမျိုးမျိုး၊

လူမျိုးအမျိုးမျိုး၊ ကျွမ်းကျင်မှုအမျိုးမျိုး ဆီရှိကြသည်။ သို့သော် စေတနာပါ၍ကုပေးသလို

ငွေမက်၍ကုပေးသော ဆရာဝန်တွေလည်းရှိကြသည်.....လောကမှာ ဆရာဝန်ကောင်း၊

သမားတော်ကောင်းတစ်ဦးကို ရှာဖွေကြည့်ပါ। မည်သူဖြစ်မည်နည်း ?ကျတော် ဟိုတစ်နေ့က

အသည်းအသန်ဖျားခဲ့သည်။ ကျတော့ကို ယုယုယယ စေတနာ ဖြင့်

အသေးစိတ်ကုသပေးသောပုဂ္ဂိုလ်တစ်ဦးကြောင့် ကျတော် အဖျားသက်သာခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ

အခြားမဟုတ်၊ ကျတော့၏ ကျေးဇူးရှင် ကျတော့အမေသာဖြစ်ပါသည်။ လောကရှိအမေအားလုံးသည်

မိမိ၏သားသမီးများကိုချစ်ကြသည်၊ ဂရုဏာထားကြသည်။ ကျတော်တို့ဖျားနာနေလျှင်

ဘယ်ဆေးသောက်သင့်သည်။ ဘယ်လိုမျိုးကုရမည်ကို သိသလောက် တတ်သလောက် ကုသပေးကြသည်။ သားသမီးဆီမှ

အခကြေးငွေကို ယူမည်ဟူသော ရည်ရွယ်ချက် ဘယ်သောအခါမှ မထားပေ။ စေတနာအရင်းခံကာ

ပြုစုတတ်ကြမြဲဖြစ်သည်။ ကျတော်တို့သည် ဤရှုတ်ထွေးနက်နဲသော လောကကြီး၌ရှင်သန်နေကြသောအခါ

အမေ၏မေတ္တာကိုမေ့မြောနေတတ်ကြပေမည်။ မိမိ၌ အခက်အခဲ ကြုံတွေ့မှသာ အမေကိုသတိရကြသည်။ အကယ်၍

ကျတော်သာ မဖျားခဲ့ဘူးဆိုလျှင် နှစ်ကာလာကြာစွာ ကျတော့အပေါ်ပြုစုခဲ့တဲ့ အမေကို လျစ်လျူရှုဆဲ

ဖြစ်နေဦးမည်ဖြစ်သည်။ ထို့အတူ ဤစာကိုဖတ်ပြီးသော စာဖတ်ပရိသတ်တိုင်းလည်း

မိမိအမေရဲ့မေတ္တာကို ပို၍တန်ဖိုးထားတတ်လာကြမည်ဟု ယုံကြည်မိပါသည်။ မိမိပတ်ဝန်းကျင်၌

ရှိသော အရာတိုင်းကို တန်ဖိုးထားနိုင်ကြပါစေလို့ဆုတောင်းလျက်-fighternk

MOTHER
အမေဆိုတာ သားသမီးတို့အတွက်

M=MANY THINGS
ကျန်းမာပညာ အရာများစွာ ဖြည်ဆည်းပေးသူ
O=OLD
အိုမင်းသည့်တိုင် ခိုင်ခိုင်မာမာ ချစ်ခင်လာသူ
T=TEARS
များစွာမျက်ရည် ဖြေမဆည်နိုင်အောင် ပေးဆပ်ရသူ
H=HEART
အနက်ရှိုင်းဆုံး နှလုံးသားမှချစ်ခင် ကြင်နာရသူ
E=EYES
ဂရုဏာ အကြင်နာ မျက်လုံးများဖြင့်သာ ကြည့်မြင်သူ
R=RIGHT
အမှန်တရားမှ မားမားမတ်မတ် ရပ်တည်သူ

ပေါက်ကရ လေးဆယ်

ဘာလို့ OK OK ဆိုပြီးဖြစ်လာကြတာလဲ?
____________________________
ရှေးတုန်းက အမည်မသိသောလူမျိုးတွေဟာ တစ်နေ့စာတစ်နေ့ အလုပ်လုပ်ကြတယ်।

သူတို့အလုပ်ပြီးဆုံးသွားတဲ့အခါ OK လို့ခေါ်တဲ့ အဘိုးကြီးဆီမှာ လခထုတ်ကြရတယ်...

အဘိုးကြီးကသူ့ဆီရောက်လာတဲ့ အလုပ်သမားတိုင်းကို သူ့အမည်ဖြစ်တဲ့ OK ကိုရေးပြီး

ပိုက်ဆံထုတ်ပေးလေ့ရှိတယ်...ကာလကြာတော့ ကိစ္စတွေကို အဆင်ပြေတယ်၊ လက်ခံတယ် စသည်တွေမှာ OK

ဆိုတဲ့စကားကိုသုံးလာကြတယ်...အဲတာကြောင့်OK OK ဆိုပြီးဖြစ်လာကြတာပေါ့း)

ကုလား ကုလားလူမျိုး တွေဆိုတဲ့အခေါ်အဝေါ် တွေဘာလို့ပေါ်လာတာလဲ?
__________________________________________________
ရှေးတုန်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်။

တစ်နေ့ အိန္ဒိယ-မြန်မာနယ်စပ် မှာစစ်ကြီး အကြီးအကျယ် ဖြစ်လာခဲ့တယ်။ ထို့ကြောင့် အိန္ဒိယ

လူမျိုးတော်တော်များများ မြန်မာနိုင်ငံတွင်းသို့ စစ်ပြေးလာကြတာပေါ့။ မြန်မာတွေက လည်း

ကူးပြောင်းလာတဲ့ အိန္ဒိယ လူမျိုးတွေကို `ကူးလာ´လို့ အလွယ်တကူ ခေါ်ကြတယ်တဲ့ । ကာလာကြာတော့

`ကူးလာ´ ကနေ `ကုလား´ ဆိုပြီး ဖြစ်သွားပါတော့တယ်......း )

ယုံချင်ယုံ မယုံချင်နေ
______________
ယနေ့ခေတ်မှာ ရုပ်ရှင်ရုံ၌ ရုပ်ရှင်သွားမကြည့်ုတော့ဘဲ ကိုယ့်အိမ်တွေမှာဘဲ ကြည့်လာကြတယ်।

အဓိက ကတော့ DVD စက်တွေကလည်း ဈေးပေါပေါနဲ့ ရနေကြပြီလေ।နောက်ပြီး ခွေတွေကလည်း

အလွန်ဈေးပေါပြီး ဇာတ်ကားအများကြီး ပါလာကြတယ်॥တချို့ဆို ကားငါးဆယ်ပါတဲ့

ခွေတွေတောင်ရှိသေးတယ်....ကျတော်ပြောချင် တဲ့ အကြောင်းကတော့ DVD

စက်နဲ့ပက်သက်တဲ့အကြောင်းပဲဖြစ်ပါတယ်...မြန်မာနိုင်ငံတွင်းမှာရှိတဲ့ DVD

စက်တော်တော်များများဟာ တရုတ်နိုင်ငံက အများဆုံးတင်သွင်းပြီး အမှတ်တံဆိပ် မျိုးစုံဖြင့်

လာလေ့ရှိတယ်॥VCD စက်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ DVD စက်ကို ဂျပန်နိုင်ငံမှ

တင်သွင်းသည်ကို မြင်ကောင်းမြင်ဖူးပေလိမ့်မည်။ သို့သော် VCD စက်ကိုမူ ဘယ်တော့အခါမှ

တွေ့ဖူးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံတွင် VCD စက်ကို မြင်လည်းမမြင်ဖူး ၊

ထုတ်လည်းမထုတ်ဖူးပေ၊ ဂျပန်နိုင်ငံတွင်နေထိုင်သူ ပြည်သူများကို မေးကြည့်လျှင်လည်း

မသိဘူးလို့ ဖြေကြားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အသက်ကြီးသူများကိုမေးကြည့်သော်လည်း

သိနိုင်မည်မဟုတ်ပေ။ လူတွေက ဂျပန်ပစ္စည်းတွေကကောင်းတယ် လို့ယူဆကြတယ်।၀ယ်ယူလေ့ရှိကြတယ်။

သို့သော် VCD စက်ကိုမူ ဂျပန်နိုင်ငံ မှဝယ်ယူရန် စောင့်မျှော်၍မရကြောင်း ပြောကြားရင်း -

---- စာဖတ်ပရိသတ်ကြီးအားအထူးလေးစားလျက် fighternkး)

Sunday, September 9, 2007

မြန်မာနိုင်ငံရှိ တရုတ်ကျောင်းများအကြောင်း

ယခုခေတ်လူငယ်များတွင် English စာမှလွဲ၍ အခြားသော ဂျပန်၊ တရုတ်၊ကိုရီးယား၊ ပြင်သစ် စသော

နိုင်ငံခြားဘာသာစကားများသည် အလွန်ရေပန်းစားလျက်ရှိသည်။ ၄င်းတို့အနက်

တရုတ်ဘာသာစကားနှင့်ပက်သက်၍ ရေးသားလိုပါသည်။ ကျတော်သည် တရုတ်စာတဖက် မြန်မာစာတဖက်

သင်ကြားနေသော ရုမ်းတရုတ်လူမျိုးတစ်ဦး ဖြစ်ပါသည်။ တရုတ်စာသင်ကြားခြင်းကိုအချို့က

ခက်သည်ဟုထင်နေကြပါသည်။ သို့သော် ကျတော်တို့အနေဖြင့် တရုတ်စာကို ငယ်စဉ်ကတည်းက

သင်ကြားလာရခဲ့၍လားတော့မသိ တရုတ်စာကိုခက်ခဲသည်ဟုမထင်ပေ။ တရုတ်စာနှင့်ပက်သက်၍

တချို့မြန်မာနိုင်ငံသားများ လေ့လာလိုက်စားသူများလည်းရှိနေပါပြီ။ ရန်ကုန်နှင့်

အခြားမြို့

များတွင်တရုတ်စာတတ်လျှင်လခပို၍ရသောအခွင့်အရေးများလည်းရှိနေပါပြီ။ထို့အတူသတင်းစာအမြောက်အ

များတွင်လည်း တရုတ်စကားပြောသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါသည်။ ထို့ကြောင့်

မြန်မာနိုင်ငံ၊မန္တလေးမြို့တွင် ရှိသောတရုတ်ကျောင်းများအကြောင်းကို တင်ပြပေးစေလိုပါသည်။

မန္တလေးမြို့တွင် အရှေ့၊ တောင်၊ မြောက်၊ မြို့သစ် ဟူ၍ ကျောင်းကြီးလေးကျောင်း ရှိပါသည်။

အရှေ့ကျောင်းသည် အကြီးဆုံးကျောင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရှိတရုတ်ကျောင်းများသည်

အတန်းအားဖြင့် ၁၂တန်း ခွဲထားပါသည်။ ထို့နောက် သက်ဆိုင်ရာစာမေးပွဲများ ဖြေဆိုပြီး

ထိုင်ဝမ်ရှိ သက်ဆိုင်ရာ တက္ကသိုလ်သို့တက်ရောင်နိုင်ပါသည်။ တရုတ်ကျောင်းသည်

မြန်မာကျောင်းနှင့် အနည်းငယ်ကွာခြားချက်များရှိပါသည်။ တရုတ်ကျောင်းကို တစ်နေ့ကို

မနက်ပိုင်းနှင့်ညနေပိုင်းဟူ၍ နှစ်ချိန်ခွဲထားပါသည်။ မနက်တွင် အချိန်မရှိသူသည်

ညနေပိုင်းသို့ပြောင်းတက်ခွင့်ရပါသည်။ တစ်ရက်လျှင် ၂ရာရီ

ဖြင့်ခြောက်ရက်တက်ရပါသည်။တရုတ်ကျောင်းတွင်သူငယ်တန်းအနေဖြင့် ၂နှစ်တက်ရပါသည်။ ၁နှစ်လျှင်

ပိုင်းလေး နှင့် ပိုင်းကြီး ဟူ၍နှစ်မျိုးရှိပါသည်။ ထို့ကြောင့် သူငယ်တန်းကို

လေးပိုင်းခွဲ၍တက်ရပါသည်။ များသောအားဖြင့် စနေနေ့( မြန်မာကျောင်းပိတ်ရက်)တွင် ယူနီဖောင်း

(အင်္ကျီအဖြူနှင့်ဘောင်းဘီနက်ပြာ) ကိုတစ်ကျောင်းလုံးဝတ်ဆင်ရပါသည်။ တစ်ခါတစ်ရံ စနေနေ့(

မြန်မာကျောင်းပိတ်ရက်)တွင် အချိန်ပိုတက်ရသောနှစ်များလည်းကြုံရပါတတ်ပါသည်။ ထို့နောက်

ပထမတန်းမှ ဆယ့်နှစ်တန်း အထိ ပိုင်းလေး နှင့် ပိုင်းကြီးခွဲ၍ တက်ရပါသည်။ ဥပမာပေးရသော်

ပထမတန်းကို တစ်နှစ်တိတိတက်ရမည်ဆိုပါလျှင် ၆လကို ပိုင်းလေး ကျန်၆လကို

ပိုင်းကြီးအဖြစ်တက်ရပါသည်။ ပိုင်းလေးတွင် ပထမအစမ်း စာမေးပွဲနှင့် စာမေးပွဲကြီးဟူ၍

စာမေးပွဲ နှစ်ကြိမ်ဖြေဆိုရပါသည်။အတန်းများအားလုံးကိုခြုံ၍ ပြောရလျှင် ၆ဘာသာ

ဖြေဆိုရပါသည်။ ပထမအစမ်း စာမေးပွဲ ဖြေဆိုပြီးလျှင်ကျောင်းမပိတ်ဘဲ

စာမေးပွဲကြီးဖြေဆိုပြီးလျှင် ကျောင်း(၁)လ ပိတ်ပါသည်။ ထို့နောက်

ပထမတန်းပိုင်းကြီးကိုဆက်၍တက်ရောက်ရပါသည်။ ပိုင်းလေးအတိုင်း စာမေးပွဲ များဖြေဆိုပြီးမှ

ဒုတိယတန်းကို တက်ရောက်ရပါသည်။ ဖြေဆိုရသည့်ဘာသာများကို ရှင်းရှင်းလင်းလင်း

ပြန်လည်တင်ပြစေလိုပါသည်။ (၁၊၂၊၃) တန်းအထိ တရုတ်စကား၊ သမိုင်း၊ ကဗျာ နှင့် ပက်သက်သော

ဘာသာကတစ်မျိုး၊ သင်္ချာဘာသာ၊ ဗုဒ္ဓဘာသာ ၊

၊စုတ်တံဖြင့်စာရေးရသောဘာသာ၊၀ါကျရေးသားဆိုင်ရကျွမ်းကျင်မှုဘာသာ စသည်ဖြင့်

ဘာသာငါးမျိုးကိုဖြေဆိုရပါသည်။ ထို့နောက် (၄၊၅၊၆) တန်းအထိ တရုတ်စကား၊ သမိုင်း၊ ကဗျာ

နှင့် ပက်သက်သော ဘာသာကတစ်မျိုး၊ သင်္ချာဘာသာ၊ ပက်ဝန်းကျင်နှင့်ပက်သက်သောစာရိတ္တပညာ၊

စုတ်တံဖြင့်စာရေးရသောဘာသာ၊ စာစီစာကုံးရေးသားရသော ဘာသာဟူ၍ ဘာသာငါးမျိုးကိုဖြေဆိုရပါသည်။

ခြေက်တန်းပြီးဆုံး သွားလျှင် အခြေခံပညာ ဘွဲ့တံဆိပ်ကိုပေးအပ်ပါသည်။

ပြိုင်ပွဲများအနေဖြင့် အတန်းလိုက် နံရံကပ်ဆိုင်းပုတ် များကို ယှဉ်ပြိုင်ကြရပါသည်။

၎င်းဆိုင်းဘုတ်ပေါ်တွင် အကောင်းဆုံးစာစီစာကုံးများ ၊ ကဗျာများ၊ ပန်းချီများ ၊

တီထွင်ဖန်တီးမှုများ စသည်ဖြင့်ပန်းအလှဆင်ကာ ယှဉ်ပြိုင်ရခြင်းဖြစ်ပါသည်။ ထို့နောက်

ပျော်ပွဲစားများ၍ ကစားနည်းမျိုးစုံ ကစားကာ ဘွဲ့နှင်းသဘင် ကိုဆင်နွှဲကြပါသည်။

ကျောင်းသားများအနေဖြင့် ၆တန်းသို့အလွန်ရောက်လိုကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ (၇၊ဂ၊၉)

တန်းသို့ရောက်လာလျှင် တရုတ်စကား၊ သမိုင်း၊ ကဗျာ နှင့်ပက်သက်သောဘာသာ ကတစ်မျိုး၊

သင်္ချာဘာသာ၊ ပက်ဝန်းကျင်နှင့်ပက်သက်သောစာရိတ္တပညာ၊ စုတ်တံဖြင့်စာရေးရသော ဘာသာ၊

စာစီစာကုံးရေးသားရသော ဘာသာ ၊ဓာတုဗေဒ-ရူပဗေဒ-ဇီဝဗေဒ က တစ်ဘာသာဟူ ၍

အသီးသီးသင်ကြားရပါသည်။၉တန်းအောင်လျှင်လည်း ထိုနည်းလည်းကောင်း ဘွဲ့နှင်းသဘင် ကျင်းပကာ

ပျော်ပွဲရွှင်ပွဲများပြုလုပ်၍ အလယ်တန်းပညာဘွဲ့တံဆိပ်ကိုပေးအပ်ပါသည်။ မြန်မာနိုင်ငံရှိ

တရုတ်ကျောင်းသားများသည် များသောအားဖြင့် ၇တန်းအောင်ပြီးအချိန်တွင် ကျောင်းနားကြပါသည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာကျောင်း ၉တန်းကိုတက်ရောက်ရသောကြောင့်ဖြစ်ပါသည်။

၁၀တန်းဖြေဆိုပြီးမှ တရုတ်ကျောင်းကိုဆက်လက်တက်ရောက်ကြရပါသည်။ အထက်တန်းသို့ရောက်လာလျှင်

ပို၍အရေးကြီးပါသည်၊ အဓိကအားဖြင့် အင်္ဂလိပ်စာဘာသာကို သင်ကြားရခြင်းဖြစ်ပါသည်။

၁၂တန်းသို့ရောက်ပြီးမှ ထိုင်ဝမ်သို့တက်ရောက်ခွင့်ရပါသည်။အရှေ့ကျောင်းမှလွှဲ၍

ကျန်သောကျောင်း သုံးကျောင်းတွင် အထက်တန်းကျောင်းများမရှိပါ။

၉တန်းအောင်ပြီးသူများအားလုံးသည် အရှေ့ကျောင်းတွင် ၁၀တန်းကို ဆက်လက်တက်ရောက်ရပါသည်။

ကျောင်းမှ နှစ်စဉ် ဒီဇင်ဘာလ (အားကစားလ) သို့ရောက်လျှင်

ကျောင်းအသီးသီးများနှင့်ယှဉ်ပြိုင်ကြပါသည်။ ဘက်စကက်ဘောပြိုင်ပွဲ ၊

စားပွဲတင်တန်းနစ်ပြိုင်ပွဲ ၊ ကြိုးခုန်ပြိုင်ပွဲ ၊ စသည်ဖြင့်

ပြိုင်ပွဲအသီးသီးကိုတက်ရောက်ယှဉ်ပြိုင်ရပါသသည်။ ထူးချွန်ဆုများကိုလည်း အပိုင်းကြီး-

စာမေးပွဲကြီးမှ ချီးမြှင့်ပေးခြင်းဖြစ်ပါသည်။ တရုတ်ကျောင်းတွင် တစ်ဘာသာကို ၆၀မှတ်

ရာမှအောင်နိုင်မည် ဖြစ်ပါသည်။ တစ်ခါတစ်ရံ လမ်းစည်းကမ်းနှင့် ပက်သက်သောဟောပြောပွဲ ၊

ဆံပင်ပုံစံ ၀တ်စားဆင်ယင်မှုနှင့်ပက်သက်သော ဟောပြောပွဲများ ၊ ကျပန်းစကားပြောပွဲများကို

အထိုက်အလျောက် ကျင်းပလေ့ရှိပါသည်။ တရုတ်နှစ်သစ်ကူးသို့ ရောက်လျှင်( ဖေဖော်ဝါရီလ

အနီးတ၀ိုက် ) ကျောင်းမှ သီချင်းများသင်ပေးလေ့ရှိပါသည်။ သက်ဆိုင်ရာ ဆရာ/မ များက

ဦးဆောင်၍ တရုတ်အိမ်များသို့ နှစ်သစ်မင်္ဂလာ စကားများ၊ သီချင်းများ သီဆိုကာ

ရံပုံငွေရှာကြပါသည်။ ကျောင်းတိုင်းကို လေးထပ်တိုက်များဖြင့် တည်ဆောက်ထားပါသည်။

တစ်ထပ်လျှင် စာသင်ခန်း ခြောက်ခန်းနှင့် အိမ်သာ ၂ခန်း စီရှိပါသည်။ အောက်ဆုံးအထပ် ကို

အငယ်တန်းပြဆရာများ နားနေဆောင်အဖြစ်သတ်မှတ်ထားပြီး လေးထပ်မြောက်ကို အတန်းကြီးပြဆရာများ

နားနေဆောင်အဖြစ်သတ်မှတ်ထားပါသည်။ ကျောင်းဝန်းအတွင်းတွင် ဆိုင်ကယ်ထားရန်၊ စက်ဘေးထားရန်

နယ်မြေများကို ပိုင်းခြားထားပါသည်။ အတန်းကြီးသောကျောင်းသားများ ကဆိုင်ကယ်စီရန်တာဝန်ယူ၍

အတန်းငယ်သောကျောင်းသားများ ကစက်ဘေးစီရန်တာဝန်ယူကြရပါသည်။ ဤမျှဆိုလျှင် မြန်မာနိုင်ငံရှိ

တရုတ်ကျောင်းသားများ၏ ကျောင်းတက်ရသော ဖြစ်စဉ်များကို သိရှိကြပြီဟု

ကျတော်ယုံကြည်မိပါသည်။ မိမိသားသမီးများကို တရုတ်ကျောင်းထားပေးချင်သော မိဘများလည်း

တရုတ်ကျောင်း ကိုနားလည်လာကြလိမ့်မိဟု ကျတော်ထင်မိပါသည်။ ဤသို့တရုတ်ကျောင်း

ကိုကြော်ငြောပေးခြင်းအားဖြင့် ကျတော့တွင် မည်သည့်အကျိုးကျေးဇူးများမရရှိပါဟု

ကျတော်အခိုင်အမာ ပြောဆိုလိုပါသည်။ အဓိကအားဖြင့် ကျတော့ရဲ့ အမိဘာသာစကားဖြစ်တဲ့

တရုတ်စကားကို ပိုမိုတွင်ကျယ်လာအောင် ၊ စာဖတ်ပရိသတ်များလည်း တရုတ်ကျောင်းနှင့် ပက်သက်၍

ပိုမိုနားလည်အောင် ဆိုတဲ့ ဆန္ဒဖြင့် ကျတော်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ စာဖတ်ပရိသတ်အပေါင်း

စိတ်နှလုံး အေးချမ်းကြပါစေလို့ ဆုတောင်းရင်း-fighternk

Friday, August 31, 2007

မြန်မာနိုင်ငံတွင် ခေတ်စားနေသော shikhar အကြောင်း

မြန်မာနိုင်ငံတွင် ခေတ်စားနေသော shikhar အကြောင်း

shikhar ဆိုသည့်အမည်မှာ ကျွန်တော်တို့ (၈) တန်းလောက်က ပေါ်ခဲ့သော

အထုပ်တစ်ထုပ်ဖြစ်သည်။ယနေ့ခေတ်လူငယ်များတွင် အလွန်ရေပန်းစားသော အရာလည်းဖြစ်ပေသည်။

ထိုအရာမှာ ကွမ်းယာကဲ့သို့သော လူကိုမူးယစ်စေသည့်ဖြစ်ပေသည်။ ၄င်းမှာ အလွန်အနံ့မွေးသော

အရာဖြစ်သည်။ shikhar သည်ကွမ်းယာဟုဆိုလျှင်လည်း မှားလည်းမှား၏ မှန်လည်းမှန်၏

အဘယ်ကြောင့်ဆိုသော် ၄င်းသည် ကွမ်းယာကဲ့သို့ သွားများကို ကွမ်းကျိုးမကပ်စေပေ။ (shikhar)

သည်အိန္ဒယလူမျိုးမှ စ၍ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့က ထမင်းစားပြီးတိုင်း

အချိုပွဲအဖြစ်ရည်ရွယ်၍ ထုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ လူငယ်များအဖို့

မူးယစ်ဆေးဝါးသဖွယ်သုံးစွဲနေကြသည်။ (shikhar) ထဲတွင် ကွမ်းသီးကို အများဆုံးထည့်သွင်းထား

ပြီး တခြား အာမွှေး၊ မူးယစ်စေသည့် အမှုန့်များပါဝင်သည်။ ကွမ်းသီးစားခြင်းသည်

သွားကိုခိုင်မာစေသည်ဟု မြန်မာ့ဆေးကျမ်းများတွင် မှတ်သားဖူးခဲ့သည်။ သို့သော်ကွမ်းသီးသည်

မှိုတက်နေပါက ကောင်းကျိုးမပေးသည့်အပြင် ကင်ဆာရောဂါကိုပါ ဖြစ်ပွားစေနိုင်သည်။ ဆက်လက်၍

(shikhar) တွင်ပါဝင်သော မူးယစ်စေသည့် အမှုန့်များသည် ယောက်ျားလေးများအား

ပန်းသေစေနိုင်သည့် အခြေအနေသို့ရောက်စေနိုင်သည်။ ထို့ကြောင့် လူကိုဆိုးကျိုးပေးသော

(shikhar) ကို မစားဖူးသူမစားမိအောင်၊ စားသူများဖြတ်နိုင်အောင် တိုက်တွန်းလိုပါသည်။

(shikhar)နှင့်ပက်သက်၍ ကျတော့မှာ သမိုင်းတစ်ခု ရှိခဲ့ဖူးပါသည်....လူတွေဟာ

ကိုယ့်ကြိုက်သော ပစ္စည်းများကို စွဲလမ်းမိလျှင် ဖြတ်ရခက်သော

အကျင့်တစ်ခုရှိသည်॥အရက်ကြိုက်သူတစ်ဦးကို အရက်ဖြတ်ခိုင်းလျှင် မဖြတ်ချင်ပေ။

ကော်ဖီကြိုက်သူတစ်ဦးကို ကော်ဖီဖြတ်ခိုင်းလျှင်လည်းထို့အတူပင်....ကျတော်သည် (shikhar)

ကို ၈တန်းက စစွဲခဲ့သည်။ အိုးချင်းထားလျှင်အိုးချင်းထိ

ကြိုးချင်းထားလျှင်ကြိုးချင်းညှိသကဲ့သို့ကျတော့သူငယ်ချင်း(အာလေး)ဆီမှ

ကူးခဲ့ချင်းဖြစ်သည်။ အစတော့ မစွဲလောက်ဘူးလို့ထင်ခဲ့သော်လည်း နောက်ပိုင်းမှပို၍

ကြမ်းလာခဲ့သည်။ ထိုအချိန်က (shikhar) တစ်ထုပ်ကို ၂၅ ကျပ်မျှသာပေးရသည်။ တစ်ရက်ကို (၄)

ထုပ်မျှအများဆုံးစားဖြစ်ခဲ့သည်။ ထိုအချိန်က (shikhar)ကို ကုလားလူမျိုးများ

အများဆုံးစားကြသည်။ (shikhar) ကိုလည်းယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မရောင်းချသေးပေ။

အထူးသဖြင့်မန္တလေးဈေးချို အနီးတ၀ိုက်ရှိ ကွမ်းယာဆိုင်များတွင်ဝယ်ယူနိုင်သည်။

ထို့ကြောင့် ကျတော် က သူငယ်ချင်းထံမှ တဆင့် ၀ယ်ယူလေ့ရှိသည်။ထို့နောက် ကျတော့သူငယ်ချင်း

၉တန်းအဆောင်ဝင်သွားပြီးနောက်ပိုင်း (shikhar) နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ဤသို့ဖြင့်

၁၀တန်းပြီးသည်အထိ (shikhar) ကိုမစားခဲ့ရပေ။ ထို့နောက် ကံကောင်းထောက်မစွာဖြင့်

ဆေးတက္ကသိုလ်သို့ ၅ဘာသာ ဂုဏ်ထူးဖြင့်( ကြွားတာတော့မဟုတ်ပါဘူး-အမှန်ပြောတာ)

တက်ရောက်နိုင်ခဲ့သည်။ ကျောင်းအပေါက်ဝတွင် အဖြူရောင်အတွဲထုပ်လေးများ ချိတ်ဆွဲထားသည်။

အသေအခြာကြည့်လိုက်မှ (shikhar) ဖြစ်နေသည် ၊ ကျတော်လည်းဝမ်းသာအားရဖြင့် ၂၀၀

ဖိုးဝယ်လိုက်သည်။ ဆိုင်ရှင်က ၄ထုပ်သာပေးသဖြင့် ကျတော်ကြောင်ကြည့်နေသည်။

တစ်ထုပ်ဘယ်လောက်လဲလို့မေးလိုက်တော့ ၅၀ ဟုပြန်ဖြေသည်။ အော်...နှစ်ကာလတွေကြာမြင့်လာတော့

ဈေးနှုန်းတက်မှာပဲဟုကျတော်ကောက်ချက်ချလိုက်သည်။ကျတော်လည်း (shikhar)

ကိုဖောက်ပြီးစားလိုက်သည်။ အိုး~အလွန်ကောင်းလိုက်တဲ့အရသာ

ခံတွင်းတစ်ခုလုံးကိုမွှေးသွားစေသည်ဟုခံစားမိလိုက်သည်။ ခဏကြာတော့

ခေါင်းကမူးနှောက်နှောက်ဖြစ်သွားသည်။ထိုအရာသာကိုကျတော်အလွန်စွဲမက်သွားသည်။ ထိုစဉ်က

(shikhar) ကိုကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခိုးစားခဲ့သည်။ အဓိက ကတော့ ကျတော့အမေ

မသိအောင်လို့ပေါ့။ ထို့ပြင် (shikhar) ၀ယ်ရမည်ကိုလည်း အလွန်လက်တွန့်ခဲ့သည်။ကာလကြာတော့

ယဉ်လာသည်။ အမေမသိအောက်မည်သို့စား၊ မည်သို့ဝယ် ရမည်ကို ကျွမ်းကျင်လာသည်။ အမေကလည်း

ကျတော့ကို သတိမထားမိသေးပါ။ ကျတော်သည် (shikhar) ကိုဘိန်းစွဲ သကဲ့သို့ ခံစားမိလာသည်။

(shikhar)ကိုစားပြီးတိုင်း စိတ်ကြွသကဲ့သို့ခံစားမိသည်။ ဘယ်အရာကိုမျှ

မကြောက်ရွံ့လာတတ်တော့ပါ။ အမေ၏ ရှေ့တွင်လည်း တခါတလေ ၀ါးနေတတ်ပါသည်။ ကြာတော့

အမေကရိပ်မိလာ၍ ကျတော့ကို(shikhar) ဖြတ်ရန်ဆုံးမခဲ့သည်။ ကျတောလည်း ကြိုးစားစွာဖြတ်ပါသည်။

သို့သော်လည်းပျက်လိုက် ပြန်ဖြတ်လိုက်နှင့်ပင် သံတရာလည်နေပါသည်။ ကျတော်သည် ဆေးကျောင်း

ပထမ ဆုံးစာမေးပွဲတွင် All Down ဖြင့် ဘာသာဆုံကျခဲ့သည်။စာမကျလို့သာကျရသည်ဟု

ကိုယ့်ကိုယ်ကို တရားချရသည်။ အဓိကအကြောင်းအရင်းမှာ (shikhar) စား၍သာဖြစ်ရပါသည်။

(shikhar)စားပြီးတိုင်း ခေါင်းမူး၍ စာမကျက်ချင်ပဲ

ပေတေနေထိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။သို့သော်လည်း (shikhar)

ကိုအခုတိုင်မဖျက်နိုင်သေးပါ....(အချို့သူများက အဘယ်ကြောင့်သည်ကောင်

သူမဖျက်နိုင်တာကိုများ စကားကြီးစကားကျယ် များနဲ့ထည့်ပြောနေရတာတုန်းဟု

တွေးထင်ကောင်းထင်ကြပါလိမ့်မည် ---မှန်ပါသည်.ကျတော်ကလည်း (shikhar) ပက်သက်ပြီး

ဆုံးရှုံးမှုတွေ ဆိုးကျိုးတွေထဲက ကျတော့လက်တွေ့ဘ၀နဲ့ သက်ဆိုင်နေတဲ့

ဆိုးကျိုးမှုတစ်ရပ်ကိုတင်ပြစေလိုရင်းသာဖြစ်ပါသည်)
ကျတော့သမိုင်းလေးကို အချိန်ပေး၊ ငွေကုန်ခံကာ ဖတ်ရှုပေးတဲ့အတွက်

အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျတော်လည်း(shikharကိုဖျက်နေရင်းနှင့်ပင် (shikhar)

ကိုမစားပါနှင့်ဟုတိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါသည်။ဒီလောက်ဆိုရင်

ကွမ်းယာဆိုင်မှာရောင်းနေတဲ့ အဖြူရောင်အထုပ်(shikhar) ရဲ့အကြောင်းကို စေစေစပ်စပ်

သိသွားလောက်ပြီဟုယူဆပါသည် ကျတော့ဘက်၌ အမှားများပါလျှင် ခွင့်လွှတ်ပေးပါဟု

မေတ္တာရပ်ခံလိုပါသည်။