I made this widget at MyFlashFetish.com.

About Me

i am a boy who like music. if no music i will be death. Music is my life

Friday, August 31, 2007

မြန်မာနိုင်ငံတွင် ခေတ်စားနေသော shikhar အကြောင်း

မြန်မာနိုင်ငံတွင် ခေတ်စားနေသော shikhar အကြောင်း

shikhar ဆိုသည့်အမည်မှာ ကျွန်တော်တို့ (၈) တန်းလောက်က ပေါ်ခဲ့သော

အထုပ်တစ်ထုပ်ဖြစ်သည်။ယနေ့ခေတ်လူငယ်များတွင် အလွန်ရေပန်းစားသော အရာလည်းဖြစ်ပေသည်။

ထိုအရာမှာ ကွမ်းယာကဲ့သို့သော လူကိုမူးယစ်စေသည့်ဖြစ်ပေသည်။ ၄င်းမှာ အလွန်အနံ့မွေးသော

အရာဖြစ်သည်။ shikhar သည်ကွမ်းယာဟုဆိုလျှင်လည်း မှားလည်းမှား၏ မှန်လည်းမှန်၏

အဘယ်ကြောင့်ဆိုသော် ၄င်းသည် ကွမ်းယာကဲ့သို့ သွားများကို ကွမ်းကျိုးမကပ်စေပေ။ (shikhar)

သည်အိန္ဒယလူမျိုးမှ စ၍ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့က ထမင်းစားပြီးတိုင်း

အချိုပွဲအဖြစ်ရည်ရွယ်၍ ထုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ လူငယ်များအဖို့

မူးယစ်ဆေးဝါးသဖွယ်သုံးစွဲနေကြသည်။ (shikhar) ထဲတွင် ကွမ်းသီးကို အများဆုံးထည့်သွင်းထား

ပြီး တခြား အာမွှေး၊ မူးယစ်စေသည့် အမှုန့်များပါဝင်သည်။ ကွမ်းသီးစားခြင်းသည်

သွားကိုခိုင်မာစေသည်ဟု မြန်မာ့ဆေးကျမ်းများတွင် မှတ်သားဖူးခဲ့သည်။ သို့သော်ကွမ်းသီးသည်

မှိုတက်နေပါက ကောင်းကျိုးမပေးသည့်အပြင် ကင်ဆာရောဂါကိုပါ ဖြစ်ပွားစေနိုင်သည်။ ဆက်လက်၍

(shikhar) တွင်ပါဝင်သော မူးယစ်စေသည့် အမှုန့်များသည် ယောက်ျားလေးများအား

ပန်းသေစေနိုင်သည့် အခြေအနေသို့ရောက်စေနိုင်သည်။ ထို့ကြောင့် လူကိုဆိုးကျိုးပေးသော

(shikhar) ကို မစားဖူးသူမစားမိအောင်၊ စားသူများဖြတ်နိုင်အောင် တိုက်တွန်းလိုပါသည်။

(shikhar)နှင့်ပက်သက်၍ ကျတော့မှာ သမိုင်းတစ်ခု ရှိခဲ့ဖူးပါသည်....လူတွေဟာ

ကိုယ့်ကြိုက်သော ပစ္စည်းများကို စွဲလမ်းမိလျှင် ဖြတ်ရခက်သော

အကျင့်တစ်ခုရှိသည်॥အရက်ကြိုက်သူတစ်ဦးကို အရက်ဖြတ်ခိုင်းလျှင် မဖြတ်ချင်ပေ။

ကော်ဖီကြိုက်သူတစ်ဦးကို ကော်ဖီဖြတ်ခိုင်းလျှင်လည်းထို့အတူပင်....ကျတော်သည် (shikhar)

ကို ၈တန်းက စစွဲခဲ့သည်။ အိုးချင်းထားလျှင်အိုးချင်းထိ

ကြိုးချင်းထားလျှင်ကြိုးချင်းညှိသကဲ့သို့ကျတော့သူငယ်ချင်း(အာလေး)ဆီမှ

ကူးခဲ့ချင်းဖြစ်သည်။ အစတော့ မစွဲလောက်ဘူးလို့ထင်ခဲ့သော်လည်း နောက်ပိုင်းမှပို၍

ကြမ်းလာခဲ့သည်။ ထိုအချိန်က (shikhar) တစ်ထုပ်ကို ၂၅ ကျပ်မျှသာပေးရသည်။ တစ်ရက်ကို (၄)

ထုပ်မျှအများဆုံးစားဖြစ်ခဲ့သည်။ ထိုအချိန်က (shikhar)ကို ကုလားလူမျိုးများ

အများဆုံးစားကြသည်။ (shikhar) ကိုလည်းယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် မရောင်းချသေးပေ။

အထူးသဖြင့်မန္တလေးဈေးချို အနီးတ၀ိုက်ရှိ ကွမ်းယာဆိုင်များတွင်ဝယ်ယူနိုင်သည်။

ထို့ကြောင့် ကျတော် က သူငယ်ချင်းထံမှ တဆင့် ၀ယ်ယူလေ့ရှိသည်။ထို့နောက် ကျတော့သူငယ်ချင်း

၉တန်းအဆောင်ဝင်သွားပြီးနောက်ပိုင်း (shikhar) နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ဤသို့ဖြင့်

၁၀တန်းပြီးသည်အထိ (shikhar) ကိုမစားခဲ့ရပေ။ ထို့နောက် ကံကောင်းထောက်မစွာဖြင့်

ဆေးတက္ကသိုလ်သို့ ၅ဘာသာ ဂုဏ်ထူးဖြင့်( ကြွားတာတော့မဟုတ်ပါဘူး-အမှန်ပြောတာ)

တက်ရောက်နိုင်ခဲ့သည်။ ကျောင်းအပေါက်ဝတွင် အဖြူရောင်အတွဲထုပ်လေးများ ချိတ်ဆွဲထားသည်။

အသေအခြာကြည့်လိုက်မှ (shikhar) ဖြစ်နေသည် ၊ ကျတော်လည်းဝမ်းသာအားရဖြင့် ၂၀၀

ဖိုးဝယ်လိုက်သည်။ ဆိုင်ရှင်က ၄ထုပ်သာပေးသဖြင့် ကျတော်ကြောင်ကြည့်နေသည်။

တစ်ထုပ်ဘယ်လောက်လဲလို့မေးလိုက်တော့ ၅၀ ဟုပြန်ဖြေသည်။ အော်...နှစ်ကာလတွေကြာမြင့်လာတော့

ဈေးနှုန်းတက်မှာပဲဟုကျတော်ကောက်ချက်ချလိုက်သည်။ကျတော်လည်း (shikhar)

ကိုဖောက်ပြီးစားလိုက်သည်။ အိုး~အလွန်ကောင်းလိုက်တဲ့အရသာ

ခံတွင်းတစ်ခုလုံးကိုမွှေးသွားစေသည်ဟုခံစားမိလိုက်သည်။ ခဏကြာတော့

ခေါင်းကမူးနှောက်နှောက်ဖြစ်သွားသည်။ထိုအရာသာကိုကျတော်အလွန်စွဲမက်သွားသည်။ ထိုစဉ်က

(shikhar) ကိုကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခိုးစားခဲ့သည်။ အဓိက ကတော့ ကျတော့အမေ

မသိအောင်လို့ပေါ့။ ထို့ပြင် (shikhar) ၀ယ်ရမည်ကိုလည်း အလွန်လက်တွန့်ခဲ့သည်။ကာလကြာတော့

ယဉ်လာသည်။ အမေမသိအောက်မည်သို့စား၊ မည်သို့ဝယ် ရမည်ကို ကျွမ်းကျင်လာသည်။ အမေကလည်း

ကျတော့ကို သတိမထားမိသေးပါ။ ကျတော်သည် (shikhar) ကိုဘိန်းစွဲ သကဲ့သို့ ခံစားမိလာသည်။

(shikhar)ကိုစားပြီးတိုင်း စိတ်ကြွသကဲ့သို့ခံစားမိသည်။ ဘယ်အရာကိုမျှ

မကြောက်ရွံ့လာတတ်တော့ပါ။ အမေ၏ ရှေ့တွင်လည်း တခါတလေ ၀ါးနေတတ်ပါသည်။ ကြာတော့

အမေကရိပ်မိလာ၍ ကျတော့ကို(shikhar) ဖြတ်ရန်ဆုံးမခဲ့သည်။ ကျတောလည်း ကြိုးစားစွာဖြတ်ပါသည်။

သို့သော်လည်းပျက်လိုက် ပြန်ဖြတ်လိုက်နှင့်ပင် သံတရာလည်နေပါသည်။ ကျတော်သည် ဆေးကျောင်း

ပထမ ဆုံးစာမေးပွဲတွင် All Down ဖြင့် ဘာသာဆုံကျခဲ့သည်။စာမကျလို့သာကျရသည်ဟု

ကိုယ့်ကိုယ်ကို တရားချရသည်။ အဓိကအကြောင်းအရင်းမှာ (shikhar) စား၍သာဖြစ်ရပါသည်။

(shikhar)စားပြီးတိုင်း ခေါင်းမူး၍ စာမကျက်ချင်ပဲ

ပေတေနေထိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။သို့သော်လည်း (shikhar)

ကိုအခုတိုင်မဖျက်နိုင်သေးပါ....(အချို့သူများက အဘယ်ကြောင့်သည်ကောင်

သူမဖျက်နိုင်တာကိုများ စကားကြီးစကားကျယ် များနဲ့ထည့်ပြောနေရတာတုန်းဟု

တွေးထင်ကောင်းထင်ကြပါလိမ့်မည် ---မှန်ပါသည်.ကျတော်ကလည်း (shikhar) ပက်သက်ပြီး

ဆုံးရှုံးမှုတွေ ဆိုးကျိုးတွေထဲက ကျတော့လက်တွေ့ဘ၀နဲ့ သက်ဆိုင်နေတဲ့

ဆိုးကျိုးမှုတစ်ရပ်ကိုတင်ပြစေလိုရင်းသာဖြစ်ပါသည်)
ကျတော့သမိုင်းလေးကို အချိန်ပေး၊ ငွေကုန်ခံကာ ဖတ်ရှုပေးတဲ့အတွက်

အထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျတော်လည်း(shikharကိုဖျက်နေရင်းနှင့်ပင် (shikhar)

ကိုမစားပါနှင့်ဟုတိုက်တွန်းရင်း နိဂုန်းချုပ်လိုက်ပါသည်။ဒီလောက်ဆိုရင်

ကွမ်းယာဆိုင်မှာရောင်းနေတဲ့ အဖြူရောင်အထုပ်(shikhar) ရဲ့အကြောင်းကို စေစေစပ်စပ်

သိသွားလောက်ပြီဟုယူဆပါသည် ကျတော့ဘက်၌ အမှားများပါလျှင် ခွင့်လွှတ်ပေးပါဟု

မေတ္တာရပ်ခံလိုပါသည်။