ဘာလို့ OK OK ဆိုပြီးဖြစ်လာကြတာလဲ?
____________________________
ရှေးတုန်းက အမည်မသိသောလူမျိုးတွေဟာ တစ်နေ့စာတစ်နေ့ အလုပ်လုပ်ကြတယ်।
သူတို့အလုပ်ပြီးဆုံးသွားတဲ့အခါ OK လို့ခေါ်တဲ့ အဘိုးကြီးဆီမှာ လခထုတ်ကြရတယ်...
အဘိုးကြီးကသူ့ဆီရောက်လာတဲ့ အလုပ်သမားတိုင်းကို သူ့အမည်ဖြစ်တဲ့ OK ကိုရေးပြီး
ပိုက်ဆံထုတ်ပေးလေ့ရှိတယ်...ကာလကြာတော့ ကိစ္စတွေကို အဆင်ပြေတယ်၊ လက်ခံတယ် စသည်တွေမှာ OK
ဆိုတဲ့စကားကိုသုံးလာကြတယ်...အဲတာကြောင့်OK OK ဆိုပြီးဖြစ်လာကြတာပေါ့း)
ကုလား ကုလားလူမျိုး တွေဆိုတဲ့အခေါ်အဝေါ် တွေဘာလို့ပေါ်လာတာလဲ?
__________________________________________________
ရှေးတုန်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်။
တစ်နေ့ အိန္ဒိယ-မြန်မာနယ်စပ် မှာစစ်ကြီး အကြီးအကျယ် ဖြစ်လာခဲ့တယ်။ ထို့ကြောင့် အိန္ဒိယ
လူမျိုးတော်တော်များများ မြန်မာနိုင်ငံတွင်းသို့ စစ်ပြေးလာကြတာပေါ့။ မြန်မာတွေက လည်း
ကူးပြောင်းလာတဲ့ အိန္ဒိယ လူမျိုးတွေကို `ကူးလာ´လို့ အလွယ်တကူ ခေါ်ကြတယ်တဲ့ । ကာလာကြာတော့
`ကူးလာ´ ကနေ `ကုလား´ ဆိုပြီး ဖြစ်သွားပါတော့တယ်......း )
ယုံချင်ယုံ မယုံချင်နေ
______________
ယနေ့ခေတ်မှာ ရုပ်ရှင်ရုံ၌ ရုပ်ရှင်သွားမကြည့်ုတော့ဘဲ ကိုယ့်အိမ်တွေမှာဘဲ ကြည့်လာကြတယ်।
အဓိက ကတော့ DVD စက်တွေကလည်း ဈေးပေါပေါနဲ့ ရနေကြပြီလေ।နောက်ပြီး ခွေတွေကလည်း
အလွန်ဈေးပေါပြီး ဇာတ်ကားအများကြီး ပါလာကြတယ်॥တချို့ဆို ကားငါးဆယ်ပါတဲ့
ခွေတွေတောင်ရှိသေးတယ်....ကျတော်ပြောချင် တဲ့ အကြောင်းကတော့ DVD
စက်နဲ့ပက်သက်တဲ့အကြောင်းပဲဖြစ်ပါတယ်...မြန်မာနိုင်ငံတွင်းမှာရှိတဲ့ DVD
စက်တော်တော်များများဟာ တရုတ်နိုင်ငံက အများဆုံးတင်သွင်းပြီး အမှတ်တံဆိပ် မျိုးစုံဖြင့်
လာလေ့ရှိတယ်॥VCD စက်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ DVD စက်ကို ဂျပန်နိုင်ငံမှ
တင်သွင်းသည်ကို မြင်ကောင်းမြင်ဖူးပေလိမ့်မည်။ သို့သော် VCD စက်ကိုမူ ဘယ်တော့အခါမှ
တွေ့ဖူးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံတွင် VCD စက်ကို မြင်လည်းမမြင်ဖူး ၊
ထုတ်လည်းမထုတ်ဖူးပေ၊ ဂျပန်နိုင်ငံတွင်နေထိုင်သူ ပြည်သူများကို မေးကြည့်လျှင်လည်း
မသိဘူးလို့ ဖြေကြားမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အသက်ကြီးသူများကိုမေးကြည့်သော်လည်း
သိနိုင်မည်မဟုတ်ပေ။ လူတွေက ဂျပန်ပစ္စည်းတွေကကောင်းတယ် လို့ယူဆကြတယ်।၀ယ်ယူလေ့ရှိကြတယ်။
သို့သော် VCD စက်ကိုမူ ဂျပန်နိုင်ငံ မှဝယ်ယူရန် စောင့်မျှော်၍မရကြောင်း ပြောကြားရင်း -
---- စာဖတ်ပရိသတ်ကြီးအားအထူးလေးစားလျက် fighternkး)
Wednesday, September 12, 2007
ပေါက်ကရ လေးဆယ်
at
8:03 PM
Posted by
fighternk
Subscribe to:
Post Comments (Atom)
No comments:
Post a Comment